နမ့်ဆန် ဇွန် ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကိုယနေ့ နံနက်(၁၁)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သောရောဂါများ မူးယစ်ဆေးဝါးမျိုးအစားများ၊ လူငယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေ၊ ကာကွယ် ခြင်း နည်းလမ်းများနှင့် နိုင်ငံတကာ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ချခြင်း နည်းလမ်းအစီအစဉ်များကို ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
နမ့်ဆန်ဒေသရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေး Talk Show အပါအဝင် ပြည်သူများ အသိပညာဗဟုသုတရရှိစေမည့် ပုံပြော၊ ကဗျာရွတ်၊ စက္ကူခေါက်၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေးအစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း သိရပါသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)