မိတ္ထီလာမြို့နယ် ပန်းတိမ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းဆောင်ရွက်

မိတ္ထီလာ ဇွန် ၂၃

မိတ္ထီလာမြို့နယ် ပန်းတိမ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးခြယ်ဖွဲ့စည်းခြင်းကို ယနေ့နံနက်က အဆိုပါကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။     

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းပွဲတွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀)နှုန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၇)ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာများတွင် စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူများ သိရှိစေရန် ယခုလိုကျေးရွာများအရောက်လာရောက်၍ မိတ်ဆက်ရှင်းလင်း ခြင်းဖြစ်ပါ ကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်မှာ ကျေးလက်ပြည်သူများ ကိုယ်တိုင်ကျေးရွာ၏  ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ်နိုင် စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ်အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာသောစီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန်စသည့် စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျေးရွာလူထု၏ဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကြီးကြပ်ရေး ကော်မတီကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။

မိတ္ထီလာမြို့နယ်တွင် ၂၀၂၀-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ခင်တဲ၊ ထန်းတော၊ ပျဉ်သာ၊ မြင်းကန်၊ ကျောက်ဖြူကုန်း၊ ကျီးပင်ခွ၊ ကံကောင်း၊ သိမ်းကုန်း၊ ဥယျာဉ်ကုန်း၊ ပန်းတိမ်ကုန်း၊ နွားစမ်းတောင်၊ ကျောက်အိုး၊ သဖန်းခါးကုန်း၊ ချောင်းခွ၊ ညောင်ကိုင်း၊ ထနောင်းကုန်း၊ မကျီးပင်တဲကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)