ရမည်းသင်း ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်၂၀၂၂ခုနှစ်၊ ဇွန် ၂၆ ရက်နေ့ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲနှင့် ကျပန်းစာကားပြောပြိုင်ပွဲတို့၌ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲနှင်အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဖွံဖြိုးတိုးတက်စေရန်ကောင်းသော ယှဉ်ပြိုင်မှုများ ဖြင့်ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများကျင်းပ၍ အရည်အသွေးပြည့်ဝစေရန် ပြုစုပျိုးထောင်းကာအနာဂါတ် သားကောင်း၊ သမီးကောင်းရတနာများဖြစ်လာ စေရန်ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီးအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများနှင့်အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီးဆုများပေးအပ်ချီးမြှင့်ပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ လစဉ်စွမ်းရည်ပြိုင်ပွဲများကျင်းပ၍ ဂုဏ်ပြုဆုများ၌ ဆုချီးမြှင့်ပေးနိုင်ရန် ကျပ်ဆယ်သိန်းငါးသောင်းတန်ဘိုးရှိထောက်ပံ့ပစ္စည်းများ လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ခရိုင်ပြန်/ဆက်ဦးစီးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တည်ထောင်အုပ်ချုပ်သူများနှင့်ကျောင်သား၊ ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ခရိုင် ပြန်/ဆက်ရုံးဝန်းအတွင်း ပြသထားသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)