တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး

တောင်သာ   ဇွန်  ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်ကအတိုးနှုန်းသက်သာစွာဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးစရိတ်များ ထုတ်ချေးပေးရာတွင် နှမ်း၊ မြေပဲ စိုက်ပျိုးဧက တစ်ဧကကိုငွေကျပ် (၁၀၀၀၀၀/-)နှုန်းဖြင့် ဇဂျမ်းအုပ်စု၊ ဇဂျမ်းကျေးရွာရှိ တောင်သူ(၆)ဦးစိုက်ပျိုးဧက(၃၃)ဧကအတွက် စုစုပေါင်း ငွေကျပ်(၃၃)သိန်း၊ အရာတော်ကျေးရွာအုပ်စု၊ အရာတော်ကျေးရွာရှိ တောင်သူ (၂၁)ဦး၊ စိုက်ပျိုးဧက (၁၅၄)ဧကအတွက် စုစုပေါင်းငွေကျပ်(၁၅၄)သိန်းကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးကြောင်း သိရသည်။

ကျန်ရှိသည့် တောင်သူများအားလည်း စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တောင်သာမြို့နယ်မန်နေဂျာ ဦးသက်ခိုင်ဇော်ထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)