ကျောက်ကြီးမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပွဲတော်ကျင်းပ

ကျောက်ကြီး   ဇွန်  ၂၃

ပဲခူးတိုင်းဒေသကြီးအရှေ့ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂- ခုနှစ် မိုးရာသီတွင် ပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး လှုပ်ရှားမှုဖြင့် သစ်ပင်စိုက်ပျိုးခြင်းl ကျေးလက်နေပြည်သူများ၏ ကျေးလက်အိမ်ယာထူထောင်ရေးအတွက် စိုက်ပျိုးခြင်းနှင့် ဌာနဆိုင်ရာအဖွဲ့စည်းများl လူထုဖြန့်ပျိုးပင်များ စိုက်ပျိုးခြင်းကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် နာရီက ကျောက်ကြီး ပြည်သူ့အားကစားကွင်း၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပွဲတော်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပွဲအား မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး စောအယ်ကလူစိုးမိုးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများl ကြက်ခြေနီတပ်ဖွဲ့ဝင်များl ကျောင်းသား ကျောင်းသူများ၊ NGO အဖွဲ့များl ဒေသခံပြည်သူအင်အား (၁၅၀)ကျော် တို့အား ပျိုးပင်များပေးအပ်ပြီး သတ်မှတ်ထားသည့်နေရာများတွင် ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပွဲ ပြုလုပ်ရခြင်းမှာ စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးတို့ကို အထောက်အကူပြုစေရန်l သဘာဝတောများအပေါ် မှီခိုမှုလျော့ချနိုင်ပြီး သဘာဝတောများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန်l ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သော ထင်းl လောင်စာl နေအိမ်သုံးl လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းl သစ်l တိုင်l မျောများ ဖြည့်ဆည်းနိုင်ရန် နှင့် ဒေသခံပြည်သူများမှ သစ်တောသစ်ပင်များကို တန်းဖိုးထားတတ်လာစေရန်တို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်ဒေသခံပြည်သူများ အချိန်တိုအတွင်း အသုံးချနိုင်မည့် အကြီးမြန်သစ်မျိုးဖြစ်သည့် အဖိုးတန် ရတနာဝင် ကျွန်းပင် (၂၅၀)ပင်၊ ပျဉ်းကတိုးပင် (၁၀၀)ပင်၊ မန်ဂျန်ရှားပင် (၁၀၀)ပင်၊ စိန်ပင်ကြီးပင် (၂၅)ပင်၊ ကုလားကုက္ကိုလ်ပင် (၂၅)ပင်နှင့် အခြားအရိပ်ရ ပျိုးပင် (၅၀၀)ပင်အား စိုက်ပျိုးပေးသွားမည်ဖြစ်ပြီးl သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြင့် စိုက်ပျိုးပြီးစီးသည့်  အပင်များအား လူl ကျွဲl နွားl တိရစ္ဆာန်များ ဖျက်ဆီးခြင်းမရှိစေရန် စိုက်ပျိုးပင်များ ဆက်လက်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းကို မြို့နယ် သစ်တောဦးစီးဌာနနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စုရှိ ပြည်သူများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရပြီး အခမ်းအနားတွင် လူထုဖြန့်၍ ပျိုးပင် (၅၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)