အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

သံတွဲ ဇွန် ၂၃

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ များအား ပြိုင်ပွဲစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲကို ကျင်းပရာ သံတွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၃)ဦးက “မူယစ်ဆေးဝါးအန္တရာယ်စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ခဲ့ကြကြောင်းသိရသည်။ 

အဆိုပါစာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ စည်းကားသိုက်မြိုက်စွာ ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်