ပန်းတနော်မြို့ Community Centre ခန်းမ၌ ကိုယ်လက်လှုပ်ရှားအားကစား အသိပညာပေး Talk Show ပြုလုပ်

ပန်းတနော် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက အားကစားကို လေ့လာလိုက်စားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Online Page မှတဆင့် အသိပညာပေး Talk Show ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူကြီး လူငယ်မရွေး အားကစားကို ပြုလုပ်ပေးခြင်းဖြင့် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။ ရရှိလာမည့် အကျိုးကျေးဇူးများကတော့ မိမိကိုယ်မိမိ ယုံကြည်မှုတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခင်မင်းရင်းနှီးမှု ရရှိစေခြင်း၊ ကောင်းမွန်သော စရိုက်လက္ခဏာများကို တည်ဆောက်ပေးခြင်း၊ မှတ်ဉာဏ်များ ဖွံ့ဖြိုးလာခြင်း၊ အဝလွန်ခြင်းကို လျော့ချပေးခြင်း၊ ခုခံအားကို ဖွံ့ဖြိုးတိုးတက်စေခြင်း၊ တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်လာခြင်း စသည့် အကြောင်းအရာများအား ပြည်သူများသိရှိစေရန် အကျယ်တဝင့် ဆွေနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)