ပန်းတောင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့က မိုးရာသီ တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က ပန်းတောင်းမြို့နယ် ကုန်းကလေးကျေးရွာအုပ်စု၊ ကျားအိုကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း စိုက်ပျိုးထားသော တိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ခင်း (၁)ဧက စိုက်ပျိုးထားရှိမှုအခြေအနေအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာရွှေရည်ထူး က တိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစာရှားပါးချိန်တွင် အဟာရဓာတ်ပြည့်ဝသော ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ရန်၊ နေဗီယာမြက်ကို ကြက်၊ ဝက်၊ နွား၊ ဆိတ် မွေးမြူရေးများတွင် ကျွေးမွေးပါက အသားဓာတ်ပြည့်ဝပြီး ကြီးထွားနှုန်းကောင်းမွန်စေရန်၊ တောင်သူများစိတ်ပါဝင်စားစွာ စိတ်ပျိုးနိုင်စေရန်ရည်ရွယ်၍ နေဗီယာမြက် စိုက်ပျိုးထားရှိခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)