၂၀၂၂ ခုနှစ်  ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားရပ်ကွက်/ကျေးရွာပေါင်းစုံ  အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားရပ်ကွက်/ကျေးရွာပေါင်းစုံ  အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ပြင်ဦးလွင်မြို့နယ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘော်လီဘောဝါသနာရှင်များတက်ရောက်ကြသည်။

တောင်သာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ( ၉ ) နာရီအချိန်က အလက (အနောက်ရပ်) ကျောင်းနှင့် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်ဇော်၏ ယာမြေတွင် စိုက်ပျိုးထားရှိမည့် တိရစ္ဆာန်အစာ မွန်ဘားဆား သရုပ်ပြစိုက်ခင်း စိုက်ပျိုးမည့်စိုက်ခင်းသို့ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ပြီး သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ ( ၂ )နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်

ကွမ်းသီးအရည်သောက်(ခေါ်)ကွမ်းသီးအနုဈေးကွက်ကြောင့် လာမည့်နှစ် ကွမ်းသီးအခြောက်လုပ်ငန်း ဈေးကောင်းရနိုင်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အပါအဝင်ဒေသအနှံ့အပြားတွင် "ကွမ်းသီးအရည်သောက်" ဟုခေါ်သောကွမ်းသီးအနု အရောင်းအဝယ်စျေးကွက်မှာ တွင်ကျယ်လျက်ရှိသည်။

ဗိုလ်တထောင်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမ)အကြိမ်ဆက်လက်ထိုးနှံ

အခြေခံပညာကျောင်းများတွင်၂၀၂၂-၂၀၂၃ပညာသင်နှစ် တက်ရောက်ပညာသင်ကြားနေသော အသက် ၅ နှစ်မှ အသက် ၁၂ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁ဝး၀၀) နာရီ၌ အမှတ်(၆) အခြေခံပညာအထက်တန်း‌ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးကြောင်း သိရသည်။

ကလိန်အောင်မြို့ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံပိုင်ရှင်များအား ပျဉ်းကတိုးအပင်(၁၀၀၀) ဖြန့်ဝေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊  ကလိန်အောင်မြို့ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ကလိန်အောင်မြို့ဘိနယ်မှ ရာဖူးကျေးရွာရှိ ဥယျာဉ်ခြံလုပ်ကိုင်သည့် ကျေးရွာသူ၊ ရွာသားများအား ပျဉ်းကတိုးအပင်(၁၀၀၀)ပင်ကို ယနေ့နံနက် ၁၀ နာရီက ကလိန်အောင်မြို့ သစ်တောဦးစီးဌာန ဘိနယ်ရုံး၌ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံ အတွေ့အကြုံရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲအခမ်းအနား

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် စာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနှင့် စာပေစကားဝိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အလင်္ကာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်၌ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်သရုပ်ပြစိုက်ခင်း ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့နံနက်(၁၁)နာရီ ကကျေးနီကန်ကျေးရွာ ၊ တောင်သူဦးသန်းထွန်းလတ်စိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to