ဒလမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ဒလ  ဇွန်  ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့နံနက် နာရီအချိန်မှစတင်ပြီး အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။ ဒလမြို့နယ်အတွင်း  ပင်စင်စားဝန်ထမ်း(၃၀၀) ဦးရှိပြီး ပင်စင်စားများ အဆင်ပြေစေရေးအတွက် လစဉ် ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ်နံနက် ၉နာရီမှ နေ့လည်၂နာရီအတွင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အငြိမ်းစား ပင်စင်ထုတ်ယူသူ (၂၃၀)ဦးခန့်ရှိပြီး  နောက်ရက်များတွင်လည်း  ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း  မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

သီတာဝင်း