ကဝ ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးမျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းအား ယမန်နေ့နံနက်ပိုင်းက ကဝ(၁)ကျေးရွာအုပ်စု ကွင်းအမှတ်(၁၀၉၂)၊ ဦးပိုင်အမှတ်(၇၇/၁)တောင်သူ ဦးအောင်ဇော်မိုး လယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမျိုးစေ့ချပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲကိုကို၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲကိုကိုက မျိုးစေ့ချကိရိယာ(Seeder)ဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်နည်းစနစ်များအကြောင်းနှင့် မျိုးကောင်းမျိုးသန့်သုံးစွဲရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် တောင်သူများမှ သိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးဖြေကြားပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)