ကွမ်းခြံကုန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘဏ်ဝန်ထမ်းများက စနစ်တကျ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်အတွင်း ပင်စင်စားဝန်ထမ်းများ အဆင်ပြေစေရေးအတွက် လစဉ်ရုံးဖွင့်ရက် ၂၁ ရက်မှစ၍ နေ့စဉ်နံနက် ၈ နာရီမှ ၁၂ နာရီအတွင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ (၄၇၀)ဦးခန့်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့်အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ဆွေနွယ်(IPRD)