မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေး

မောက်မယ် ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လ ပြည့်ပြီးသည့် ဒေသခံပြည်သူများအား Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ကွန်ကျိုင်းရပ်ကွက်ရှိ ကွန်ကျိုင်းဘုန်းတော်ကြီးကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။ 

ထိုသို့ထိုးနှံပေရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထပ်ဆောင်း Booster Dose အဖြစ် COVAXIN ကိုဗစ်ကာကွယ်ဆေးအားဆေးတစ်လုံးလျင်  ဆယ့်တစ်ယောက်နှုန်းဖြင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။  

စိုင်းမျိုးသန့်(မောက်မယ်)