မြောင် ဇွန် ၂၃
စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ဇွန်လ(၂၃)ရက် နံနက်(၉)နာရီက ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ''မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက ''မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show" ပြုလုပ်ဆွေးနွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ (ခေတ္တ) စခန်းမှူး ဗိုလ်ကြီးစည်သူလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါး စတင်ရောက်ရှိလာမှုအကြောင်း၊ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းများနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်စေသည့် ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေး ဆရာများနှင့် စာပေချစ်သူများတို့ဖြင့် ပူးပေါင်းကာ(TalkShow)ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်း အစဉ်ဆက်မပြက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်