ဒိုက်ဦး ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့ပေါ်ရှိကံ့ကော်ရိပ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ(၁၁၀)ဦးအား ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး Myancopharm ထိုးနှံပေးကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဒိုက်ဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာကူညီထိုးနှံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)