ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ​(​နေဗီယာမြက်ပင်) သရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်

၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​မွေးမြူတိရစ္ဆာန်များ အစာ​ရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝ​သော မြက်မျိုးများကို စားသုံး​စေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်​ကောင်းမွန်​စေပြီး မိသားစုဝင်​ငွေတိုးတက်ရရှိလာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာ​နေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်​နေ့က ခဲမဖြူ​ကျေးရွာ ​ဦး​စောတင်လှ၏ယာ​မြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ​ ဇော်မြင့်​အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်​ရောက်စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

ရွှေကူမြို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြား ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ် နေမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

သံဖြူဇရပ်၌ မိုးရာသီ တိရစ္ဆာန်အစာပင်(Taykuan)  တေခူယံမြက် စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏  ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန် အစာပင် (Taykuan) တေခူယံမြက်စိုက်ပျိုးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် နံနက် နာရီက ၉ နာရီက ဝဲကလိကျေးရွာ အမှတ်(၄) တပ်မတော် တန်းမြှင့်လေ့ကျင့်ရေးကျောင်း စိုက်ပျိုးမွေးမြူရေးဇုန်တွင် ကျင်းပ ပြုလုပ်သည်။

မလှိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီး

မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူတို့အား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံလုပ်ငန်း ရာနှုန်းပြည့် ထိုးနှံပြီးစီးကြောင်း သိရသည်။

ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း အကြိမ်(Booster Does) ထိုးနှံ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

မြင်းခြံမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲကို ယနေ့နေ့လယ် (၁၂) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ပုလောမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယမန် နေ့ ညနေပိုင်းက ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား လက်ကမ်းစာစောင်များဖြန့်ဝေ

“အနာဂတ်ပန်းများပွင့်လန်းဖို့မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးကိုအသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြနိုင်စေရန်အတွက်

ဆိပ်ဖြူမြို့နယ်ရှိ မိုးသီးနှံ စိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေများ အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ် ဝန်ထမ်းများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး ဦးဆောင်သော အဖွဲ့သည် မိုးသီးနှံစိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်ချေးငွေ အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး မြို့နယ်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲက ဆောင်ရွက်သည်။

ဝေါမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါ မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀:၀၀ နာရီက ကန်တော်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to