ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ​(​နေဗီယာမြက်ပင်) သရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်

ဖား​ဆောင်း ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​မွေးမြူတိရစ္ဆာန်များ အစာ​ရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝ​သော မြက်မျိုးများကို စားသုံး​စေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်​ကောင်းမွန်​စေပြီး မိသားစုဝင်​ငွေတိုးတက်ရရှိလာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာ​နေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်​နေ့က ခဲမဖြူ​ကျေးရွာ ​ဦး​စောတင်လှ၏ယာ​မြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ​ ဇော်မြင့်​အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်​ရောက်စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။

“တိရစ္ဆာန်အစာ​နေဗီယာမြက်ပင်က တခြားမြက်​ကောက်ရိုးတို့ထက် အသားဓါတ်ကိုပိုမိုရရှိပြီး ၁၇ ရာခိုင်နှုန်းအထိ ရှိပါတယ်၊ ကျွဲ၊ နွားတို့အပါအ​ဝင် ကြက်၊ ဝက်၊ ဆိတ်နှင့် တိုင်းရင်းကြက်များတို့ကိုပါ အမှုန့်ကြိတ်ပြီး ဆန်ကွဲ၊ ဖွဲကြမ်းတို့ဖြင့် ရောစပ်​ကျွေးနိုင်ပါတယ်”ဟု ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးမှူး​ ဒေါက်တာ​ဇော်မြင့်​အောင်က ​ပြောကြားသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)