ရွှေကူမြို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရွှေကူ ဇွန် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြား ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များတရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ် နေမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းရှိ/မရှိနှင့် စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးတို့အတွက်  တင်သွင်းရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။                  

မြို့နယ်(ပြန်/ဆက်)