ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း အကြိမ်(Booster Does) ထိုးနှံ

ပေါက်ခေါင်း  ဇွန်  ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်းအကြိမ် (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့လယ်လေးမျက်နှာဇာတ်ရုံတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသောသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကို ထိုးနှံပေးခဲ့သည်။ ယနေ့တွင် မြို့ပေါ်ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)နှင့်ကျေးရွာ(၃)တို့မှ ပြည်သူ(၃၃၀)တို့အား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်