ငဖဲမြို့နယ် ချောင်းဖြူကျေးရွာတွင် ရာသီစာအဖြစ် မုန့်ဩဇာ လုပ်ကိုင်ရောင်းချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအပြင် ဆောင်းတွင်း ရာသီစာအဖြစ် မုန့်ဩဇာကို မိသားစုများ တပိုင်တနိုင်လုပ်ကိုင် ရောင်းချခြင်းဖြင့် စီးပွားရေး အဆင်ပြေနေကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျီးပြကျေးရွာတွင် ထင်းသုံးစွဲမှုလျော့ချသုံးစွဲရေး အသိပညာပေးဟောပြောပွဲကျင်းပပြီး အဆင့်မြှင့်အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေ

ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနသည် သဘာတောမျာပိုမိုပျက်စီးမှု မရှိစေရေး အတွက် တောညံ့တောများကို ဦးစားပေးကာ ဓမ္မတာမျိုးဆက်နည်းဖြင့် ထိန်းသိမ်း ကာကွယ်လျက်ရှိသည့်အပြင် သဘာဝတောများ ထိန်းသိမ်းကာကွယ်ခြင်းကို ပိုမိုပြုစေရန်အတွက် ထင်းသုံးစွဲမှုလျော့ကျစေရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ စွမ်းအားမြှင့် အေဝမ်းမီးဖိုများ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲက မကျီးတောကျေးရွာတွင် အသိပညာပေးဟောပြောခြင်းနှင့် အေဝမ်းမီးဖိုများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

လိပ်သိုမြို့တွင်   ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက   ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  သွားလာရန် အသိပညာပေးနှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်ပေး       

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်   ပြည်သူများ နေအိမ်ပြင်ပထွက်ခွာပါက   ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ  သွားလာရန်အသိပညာ ပေးနှိုးဆော်မှုများ အရှိန် အဟုန်မြှင့်  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက   လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက     မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်မှုများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

မြစ်ကြီးနားမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားအား "အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့၊ ယခုပင်ဆောင်ရွက်စို" ဆောင်ပုဒ်ဖြင့် အမှတ် (၁) မူလတန်းကြိုကျောင်း စမ်းသီတာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပြုလုပ်ခဲ့သည်။

မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က တောင်ရပ်ကွက်၌ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခဲ့သည်။

ဝေါမြို့၌ အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား Phase 5 Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ အလိုက် ပြည်သူများအား စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဝေါမြို့နယ်ခန်းမတွင် ထိုးနှံ ပေးလျက်ရှိသည် ။

သုံးခွမြို့နယ်၌ အသက် ၁၈ နှစ်အထက် ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ကာကွယ်‌ဆေးထိုးရန် ကျန်ရှိနေသူပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် (ဒုတိယအသုတ်) ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဒုတိယအကြိမ် (ဒုတိယအသုတ်)အဖြစ် အ.ထ.က(၁) ယုဇနခန်းမနှင့် အ.ထ.က(၂) ရတနာခန်းမတို့တွင် ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ပန်းအလှပြင်သင်တန်းအခမဲ့ဖွင့်လှစ်

အမျိုးသမီးများအားအိမ်တွင်းမှုလက်မှုပညာဖြင့် ဝင်ငွေဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ပန်းအလှ ပြင်သင်တန်း အခမဲ့ဖွင့်လှစ်ခြင်းကို ယနေ့ ၁၀ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သစ် ရေးသားသည့် မိမိဘဝ မိမိထူထောင်အောင်မြင်ရေး စာအုပ်အား ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to