မလှိုင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီး

မလှိုင် ဇွန် ၂၃

မလှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူတို့အား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအားထိုးနှံလုပ်ငန်း ရာနှုန်းပြည့် ထိုးနှံပြီးစီးကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၁၁၅)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၀)ကျောင်း၊ အလယ်တန်းကျောင်း(၁၄) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၆)ကျောင်း၊ အထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၈)ကျောင်း၊ စုစုပေါင်း(၁၉၉)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ အသက်(၅) နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ အကျုံးဝင်သူ(၁၃,၃၃၃)ဦးတို့အား ဇွန်လ ၂ ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆေးထိုးအဖွဲ့(၅)ဖွဲ့ဖြင့် ကျောင်းအခြေပြုထိုးနှံပေးခဲ့ရာ ဇွန်လ ၂၂ ရက်နေ့တွင် ရာနှုန်းပြည့်ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

အောင်ဌေး(မလှိုင်)