ပူတာအိုခရိုင်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာကြမည့် ကျောင်းသူ ကျောင်းသားများ မူးယစ်ဆေးဝါးကို ရှောင်ရှားတတ်လာစေရန်အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နေ့လည် (၁၂)နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

နတ်တလင်းမြို့နယ်တွင် လေဘေးသင့်  အမိုးလန်နေအိမ်(၄)လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကို ယနေ့နံနက် ၁၀ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇလွန်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်သမဝါယမဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေးမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီက မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့ကြသည်။

စုကလိမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်း အနား ကျင်းပပြုလုပ်  

ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားနှင့် ဘာသာရပ်ပြဆရာ၊ဆရာမများအားဂုဏ်ပြုပွဲအား ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း စုကလိခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

မိုးညိုမြို့နယ်တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို) သရဖူခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

မိုးမောက်မြို့၌ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မျိုးအောင် ဦးဆောင်၍ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် ဆောင်ရွက် ထားသော မံပုံကျေးရွာ တောင်သူ ဦးဆိုင်းဆန့်ထွန်း စိုက်ပျိုးထားသည့် ဖူးစားပြောင်း (၁ ဒသမ ၅) ဧကကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

မအူပင်ခရိုင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာ‌ပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ခန္တီးမြိုနယ်တွင် တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြ စိုက်ပျိုးခြင်း ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို သာယာကုန်းကျေးရွာ၊ တောင်သူ ဦးငြိမ်းအောင်သူ၏ ခြံတွင် ယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to