ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား လက်ကမ်းစာစောင်များဖြန့်ဝေ

ထန်းတပင်(ရန်ကုန်) ဇွန် ၂၃

“အနာဂတ်ပန်းများပွင့်လန်းဖို့မူးယစ်အန္တရာယ်ကာကွယ်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအကြောင်းကို သိရှိနားလည်စေရန်နှင့် မူးယစ်ဆေးဝါးကိုအသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ကြနိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူလတန်းလွန်(အေးရွာလေး)ကျောင်းသို့သွားရောက်ကာ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။       

သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူလတန်းလွန်အေးရွာလေးကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား သတင်းစကား လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသလို အင်းစိန်မြို့နယ်စာရေးဆရာများအသင်းအဖွဲ့ဝင် စာရေးဆရာမောင်ပန်းဝေ(ညောင်တုန်း)ကလည်း မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာများအကြောင်းသိကောင်းစရာများကို ကျောင်း သား၊ ကျောင်းသူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များမှလည်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့်နံရံကပ်စာစောင်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်းသိရသည်။

ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းအရာများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ ကဗျာဆရာမင်းသန်းနိုင်(မုဒုံ)ရေးသားသည့် “ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်” ကဗျာများပါဝင်ကြောင်းလည်းသိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)