ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေး ဩဝါဒခံယူပွဲနှင့် အလှူငွေပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်ဝန်းအတွင်း၌ တာဝတိံသာစေတီတော်မြတ်ကြီးအား ၁၉၇၃ ခုနှစ်တွင် လည်းကောင်း၊ စောင်းတန်းတော်ကြီးကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း တည်ထားကိုးကွယ်ခဲ့ရာ နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်း၊ စေတီတော်တည်စဉ်ကာလ၌ နည်းပညာအားနည်းခြင်းတို့ကြောင့် ယခုနှစ် ဧပြီ (၂၉)ရက်နေ့ နံနက် (၂:၃၀) အချိန်၌ စောင်းတန်းတော်ကြီး၏ အထက်ပိုင်းပေ(၆၀)ခန့် ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မြတ်ကြီးအား ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် အောင်စကြာစေတီတော် တန်ဆောင်း၌ ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပသည်။

ညောင်တုန်းမြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထန်းတပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့်လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရိုးခွကျေးရွာအုပ်စု၊ ဘိုးကြီးစုကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရေဖြူကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အ.ထ.က(ခွဲ) အုတ်ဖိုအခြေခံပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်းသိရသည်။

မင်းလှမြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အမှတ်(၂၇) မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ ပေပင်တန်းအုပ်စု၊ ပေပင်တန်းကျေးရွာ‌တောင်သူ ဦးကျော်ကျော်၏ လယ်မြေ ၇ ဧက၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုး​ခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုး

၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုင်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာနေ ဗီယာမြက်စိုက်ပျိုးခြင်း ယနေ့နံနက်၁၀နာရီက ချင်းကုန်းကံအုပ်စု၊ ကုက္ကိုမြောင်ကျေးရွာ တောင်သူဦးမျိုး​မြင့်နိုင်၏ယာမြေတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အိဝေကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများမှ တက်ရောက် ပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ငွေများ ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီ ကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ဆက်လက် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို  မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်

၂၀၂၂ ခုနှစ်၊ ဗီယက်နမ်နိုင်ငံတွင်ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (Sea Games)တွင် ဆုတံဆိပ်ဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီးမှ အမျိုးသမီးအားကစားသမား(၂)ဦးအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ပညာရေးဌာနနှင့် ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to