ကျောက်တံတားမြို့နယ်တွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက် (၁၂)နှစ် အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်(၉)နာရီအချိန်၌ အ.ထ.က-ကျောက်တံတားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ စုစုပေါင်း (၇၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။