စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂) ကို ယနေ့နံနက် (၁၁) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စီးပွားရေးရာဝန်ကြီးရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဉက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

လွိုင်ကော်မြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၏ အပတ်စဉ်(၂၈) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား/သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အပတ်စဉ်(၂၈) သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ် သင်တန်း၊ သင်တန်းသား၊ သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နေ့လည် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် နေပီယာမြတ်သရုပ်ပြစိုက်ပျိုး

၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်အရ နေပီယာမြတ် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ကျောက်ခဲအင်းကျေးရွာရှိ တောင်သူ ဦးထိန်လင်း၏ ယာမြေတစ်ဧက၌ ကျင်းပသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး၏သားကောင်မဖြစ်စေရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ သိရှိနိုင်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Commuinty Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မရမ်းကုန်းမြို့နယ် ဝရဓါတု​စေတိယစွယ်​တော်မြတ်​စေတီ​တော် ပရဝုဏ်အတွင်း ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်​စေ​ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ​တော်ကို ယ​နေ့နံနက် ၈ နာရီက ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက် ဝရဓါတု​စေတိယစွယ်​တော်မြတ်​စေတီ​တော်ပရဝုဏ်အတွင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
Subscribe to