ဘုတ်ပြင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဘုတ်ပြင်းမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်‌ပေးခြင်းကို ယနေ့နံနက်ပိုင်းက ထောင်ခမက်ကျေးရွာအုပ်စု ချောင်းကရှက်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့်လုပ်ငန်းညှိ့နှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ၊လပွတ္တာခရိုင်လပွတ္တာမြို့နယ် ၊ရွေးနဒီ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ကျေးရွားအုပ်စု အုပ်ချုပ်ရေး မှူးများ လုပ်ငန်းညှိ့နှိုင်း ဆွေးနွေးပွဲ ကျင်းပ ကြောင်းသိရသည်။ 

ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများအားကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဧရာဝတီဝတိုင်း‌ဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသော အသက်(၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ရွှေခယ်သီရိအားကစားခန်းမတွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင်စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ သရဝဏ် (ပြည်) ရေးသားသည့် လူငယ်နှင့် ဘဝရည်မှန်း ချက်ပန်းတိုင် စာအုပ်ကို ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်တံခါးမြို့နယ် လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး၌ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် အလိုက်လူဦးရေစာရင်းများ ကြိုတင်ပြုစုခြင်း လုပ်ငန်းများအား သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

သာယာဝတီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ အုန်းပင်စုကျေးရွာ၊ မဒေါ့ကျေးရွာများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၉ နာရီက လိုက်လံ အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Subscribe to