နတ်တလင်းမြို့နယ်၌ မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုး​ခြင်း ရက်သတ္တပတ် အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုး

နတ်တလင်း  ဇွန်  ၂၃

၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုင်ပျိုးခြင်းရက်သတ္တပတ် အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်အစာနေ ဗီယာမြက်စိုက်ပျိုးခြင်း ယနေ့နံနက်၁၀နာရီက ချင်းကုန်းကံအုပ်စု၊ ကုက္ကိုမြောင်ကျေးရွာ တောင်သူဦးမျိုး​မြင့်နိုင်၏ယာမြေတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အိဝေကျော်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများမှ တက်ရောက် ပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

တိရိစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် အာဟာရဓာတ်ပြည့်ဝသော ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ပြီး နေဗီယာမြက်ကို ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်မွေးမြူရေးများတွင် ကျွေးမွေးခြင်းအားဖြင့် ကြီးထွားနှုန်းကောင်းမွန်​​ခြင်း၊ အသားထွက်နှုန်းကောင်းခြင်း၊ ရောဂါ ဒဏ်ခံနိုင်ရည်ရှိခြင်းတို့ကြောင့် တောင်သူများစိတ်ပါဝင်စားစွာ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ နေဗီယာမြက် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ အိဝေကျော်ထံမှ သိရသည်။

ဝေယံဖြိုး