ဒေးဒရဲ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ မိုးရာသီ ကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက စတင်၍ ဆက်လက် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို၂၀၂၂ ခုနှစ် မေလ (၁၆) ရက်နေ့က စတင်၍ ယခင်နှစ် ကြွေးကျန်မရှိသူများအား ဦးစားပေးအနေဖြင့် ထုတ်ပေးလျက်ရှိရာ ယမန်နေ့အထိ ဒေးဒရဲမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၁၈)အုပ်စုက တောင်သူ (၄၀၄)ဦး၏ မိုးစပါးဧက (၂၉၆၃)ဧကအတွက် ငွေကျပ်(၄၄၄၄၅၀၀၀၀)သိန်းကို ထုတ်ချေးပြီးဖြစ်ပြီး ကျန်ရှိသည့် ကျေးရွာအုပ်စု (၄၃)အုပ်စုက လူဦးရေ(၅၅၅)ဦး၏ မိုးစပါးစိုက်ဧက (၄၄၆၅)ဧကအတွက် ငွေကျပ် (၆၆၉၇၅၀၀၀၀)သိန်းအား စိုက်ပျိုးချိန်အမီ ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက် လျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်နွယ်နွယ်ဝင်းထံမှ သိရသည်။
အေဇာလင်း