ညောင်တုန်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ချိုမီဇင်က စားသုံးသူကာကွယ်ရေး အသိပညာပေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံက သဘာဝဘေးအန္တရာယ်များဖြစ်သည့် မုန်တိုင်းဘေး၊ ငလျင်ဘေးနှင့် မီးဘေးကာကွယ်ရေး စသည့် သဘာဝဘေး အန္တရာယ်များ ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများနှင့် လိုက်နာ ဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာမြတ်ပွင့်ဖြူက မြိုနယ်အတွင်းရှိ နို့စားနွားမွေးမြူရေး လုပ်ငန်းတို့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ နို့တိုက်ကျွေးလှူဒါန်းမှု အစီအစဉ်နှင့် နွားနို့သောက်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့ပြီး Delta Queen နို့စားနွားမွေးမြူရေးလုပ်ငန်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့များ လှူဒါန်းတိုက်ကျွေးခဲ့ကြောင်းသိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)