ထန်းတပင်(ရန်ကုန်) ဇွန်၂၃
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထန်းတပင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့်လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ရိုးခွကျေးရွာအုပ်စု၊ ဘိုးကြီးစုကျေးရွာ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထန်တပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖြစ်သလို ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိစေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ပွဲတွင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူက သင်တန်းဖွင့်လှစ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇွန်လ(၂၃)ရက်နေ့မှ ဇွန်လ(၂၇)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ (၁၅)ဦးတို့ တက်ရောက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)