သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

သပိတ်ကျင်း ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ အခမ်းအနား ကို ယနေ့နံနက် (၉) နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သပိတ်ကျင်းမြို့နယ် မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး၊ သပိတ်ကျင်းမြို့ “မြို့မ” ရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်အောင်ကိုမင်းက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြစ်မှု/ပြစ်ဒဏ်များကို ဆွေးနွေးပြေားကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီးက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ၊ မူးယစ်ဆေးဝါးကင်းစင်သည့် လူ့အသိုက်အဝန်း ဖြစ်ပေါ်လာစေရန် စသည့်အချက်အလက်များကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသား/သူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကာ သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစန်းက ကျောင်းသား/သူ များ အသိပညာများ တိုးပွားရရှိမှုအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)