ကျွန်းစုမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျွန်းစု ဇွန် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က အ.မ.က ကမ်းဇော်တောကျောင်း၌  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက မူးယစ်ဆေးဝါးသုံးစွဲမှုအန္တရာယ်နှင့် ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက်ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။

အလားတူ မွန်းလွဲ(၁)နာရီအချိန်၌ အ.ထ.က ကျွန်းစုကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် “ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုး တိုးတက်ရေး၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ၊ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေမှု မှတ်တမ်းဓာတ်ပုံများ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ မူးယစ်ကိုစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ ပါဝင်ပြီး လက်ကမ်းစာစောင် စုစုပေါင်း (၂၆၀) ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)