ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့ ဆွမ်မီ‌ကျောင်းတိုက်ဆရာတော်၏ အန္တိမစျာပနအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံး ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လွယ်အွန့်‌ကျေးရွာအုပ်စု၊ ဆွမ်မီကျေးရွာ ဆွမ်မီ‌ကျောင်းတိုက်၏ အန္တိမစျာပနအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၈)နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင်   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆွမ်မီကျောင်းတိုက်မှ ဆရာတော် ဥူးကောသလ္လ၏ အန္တိမစျာပနအခမ်းအနား ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆရာတော်၊ သံဃာတော်နှင့် ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးမည့် အခြေအနေများကိုလျှောက်ထားရာ တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မြွက်ကြားသည်။ အဆိုပါ ဆရာတော်ဥူးကောလ္လ သက်တော် (၉၁)နှစ်၊ ဝါတော်(၄၁)ဝါသည် (၉၆)ပါးသော ရောဂါဖြင့် တောင်ကြီးမြို့၊ ထွန်းပုဂ္ဂလိက အထူးကုဆေးရုံတွင် တက်ရောက်ကုသလျက်ရှိရာမှ ယမန်နေ့ည(၇)နာရီ ၂၉မိနစ်အချိန်တွင် ဘဝနတ်ထံပျံ လွန်တော်မှုသွား ကြောင်းနှင့် ဆရာတော် ဥူးကောသလ္လကို ဇွန်လ(၂၆)ရက် မွန်းတည့် (၁၂)နာရီ အချိန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ဆွမ်မီ‌ကျောင်းတိုက်မှ ဒါယိကာ/ဒါယိကာမများ၊ ဂေါပကအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)