ကဝမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကဝ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊  ကဝမြို့နယ်၌  ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်း က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့မဈေးကြီးနှင့် အခြေခံပညာအထက်တန်းကျောင်း (ကဝ)တို့၌ ဖြန့်ဝေခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၃၁..၂၀၂၂)ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (/၂၀၂၂) ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ၊ မဟာဗျူဟာ ()ရပ်၊ နည်းဗျူဟာ ()ရပ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး  ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် (ကဗျာ) ကာတွန်းနှင့် ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)