ဒဂုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းကျင်းပ

ဒဂုံ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊‌ ဒဂုံမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ်အကြို စာဖတ်ဝိုင်းအား ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသန္တာမှ ​ကျောင်းသား/​ကျောင်းသူ လူငယ်လူရွယ်များအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ‌မောင်ကျေးဇူး ရေးသားသော  လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်စာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ရာ ကျောင်းသား​/ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများ၊ သိလိုသည်များအား ပြန်လည်မေးမြန်း ဆွေးနွေးခဲ့‌ကြကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏အတွေး အခေါ်အသိအမြင်များအား  မျှဝေတတ်ကြစေရန်၊ စာပေမှရသော  အသိအမြင်ဗဟုသုတများကို အသုံးချ၍  တန်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် အမှား၊အမှန်ခွဲခြားနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်  စာဖတ်ဝိုင်းများ လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

​မေသန္တာ