အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းဆုံ ဇွန် ၂၃

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များ ကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က သက္ကော(..က)ကျောင်းနှင့် စိုက်/ဘဏ်တို့တွင် (ပြန်/ဆက်) ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့သည်။

သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါး ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ()ရပ်၊ နည်းဗျူဟာ()ရပ်တို့ပါရှိပြီး အဆိုပါ စာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စောင်ရေ(၂၆၀)အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)