ချောင်းဆုံ ဇွန် ၂၄
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော(အ.ထ.က)ကျောင်းနှင့် မြို့နယ်စိုက်/ဘဏ်တို့တွင် (ပြန်/ဆက်)ဦးစီးဌာန ဝန်ထမ်းများမှ ဖြန့်ဝေပေးခဲ့သည်။
“သတင်းစကား” လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်တို့ ပါရှိပြီး အဆိုပါ စာစောင်အား ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စောင်ရေ(၂၆၀) စောင်အား အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ (ပြန်/ဆက်)