မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်

မြစ်သား   ဇွန်   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၁)နာရီက တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှဒုတိယဦးစီးမှုး ဒေါက်တာနေလွင်ထူးနှင့် ဒေါက်တာယမုံသျှင်နှောင်းအေးတို့က ဒေသခံမွေးမြူရေးနှင့် တောင်သူများသိရှိစေရန်အတွက် နို့စားနွား မွေးမြူးရေးအကြောင်း၊ နို့စားနွားမရွေးချယ်ခြင်း၊ မွေးမြူရမည့်နည်းစနစ်များ၊ မွေးမြူရမည့်မြေနေရာ ရွေးချယ်ခြင်း၊ မျိုးမြင့်သားစပ်ခြင်းနှင့်နွားမများ၏ မျိုးပွားမှုဆိုင်ရာဇိ၀ကမ္မဗေဒ၊ အစရှိသည့်နို့စားနွား မွေးမြူရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)