မော်လမြိုင် ဇွန် ၂၄
မွန်ပြည်နယ် မော်လမြိုငိမြို့တွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အကြို မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ တောင်ဝိုင်း ဘိုးဘွားရိပ်သာ၌ ကျင်းပ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ ဇနီး ဒေါ်စန်းစန်းလွင်နှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးတို့က စိုက်ပျိုးမည့် သစ်ပင် ပျိုးပင်များအား ပေးအပ်ခဲ့ပြီး တောင်ဝိုင်း ဘိုးဘွားရိပ်သာအတွင်းရှိ မြေကွက်လပ်တွင် သပြေဘူတ၊ ခရေ၊ စွယ်တော်၊ စိန်ပန်း၊ ငုရွှေဝါ၊ ရင်ခတ်ပန်း၊ စကားဝါ/ဖြူ စသည့် ပျိုးပင် စုစုပေါင်း ၃၀၀ အား စိုက်ပျိုး ပေးခဲ့ကြသည်။
ထိုနောက် ပြည်နယ်၀န်ကြီးချုပ်၏ ဇနီး၊ ပြည်နယ် အမျိုးသမီးရေးရာ ဉက္ကဋ္ဌ နှင့်အဖွဲ့၀င် များက သစ်ပင်များစိုက်ပျိုးနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှူအားပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းနှင့် လှူဖွယ် ပစ္စည်းများဆက်ကပ် လှူဒါန်းကာ ဘိုးဘွားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ခရိုင်၊ ပြန်/ဆက်)