ကျောက်တံတားမြို့နယ်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကျောက်တံတား ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်လုထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရွှေဇင်ခိုင်က “မူးယစ်ဟူသမျှ ဆန့်ကျင်ကြ” ဆောင်ပုဒ်နှင့်အညီ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးရှိပြီး မူးယစ်ဆေးဝါးသုံးစွဲမှု၏ အရင်းခံအကြောင်းရင်းများ (၉) ချက်၊ မူးယစ်ဆေးဝါး အမျိုးအစား (၇) မျိုးရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့် လူငယ်များမူးယစ်နွံထဲ မရောက်အောင် ဆေးလိပ်၊ အရက်စသည်များကို လက်တည့်စမ်း၍ မသုံးစွဲရန်၊ မူးယစ်ဆေးဝါးကို ဝေးဝေးမှရှောင်ရှားရန်နှင့် မူးယစ်ဆေးဝါး သည် လူသားများကို အညွန့်တုံးစေကာ မိသားစုအလိုက် ဘဝပျက်စေသောကြောင့် စမ်းသပ်မှုမပြုလုပ်ကြရန် စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ယခုလို ဟောပြောပွဲကို‌ ဆောင်ရွက်ခြင်းမှာ  ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရသည်။ 

ရွှေဇင်ခိုင်(ပြန်/ဆက်)