စစ်တွေခရိုင် လုထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ

စစ်တွေ ဇွန် ၂၄

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာစီစာကုံး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက “မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းတိုက်ဖျက်ကြစို့လေ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား စစ်တွေခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်၊ စာရေးဆရာ ကျွန်းသားငမန်း၊ စာရေးဆရာ စစ်တွေသိန်းနောင်နှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာပေများ ပြသခြင်းကိုပြုလုပ်ရာ စစ်တွေမြို့၊ အမှတ်(၁၅) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လာရောက်လေ့လာဖတ်ရှုခဲ့ ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)