တောင်ကြီးမြို့၌ မွေးမြူရေးဆိုင်ရာသိကောင်းစရာအသိပညာပေး Talk Show  ကျင်းပ

တောင်ကြီး ဇွန် ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မွေးမြူရေးဆိုင်ရာသိကောင်းစရာအသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။

အသိပညာပေး Talk Show တွင် တောင်ကြီးခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေလင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းတို့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လက်ရှိ ကာလအတွင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ တိရစာ္ဆန်ကူးစက်ရောဂါကြိုတင်ကာကွယ်ခြင်း၊ တိရစ္ဆာန်ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ မွေးမြူရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ မွေးမြူရေးကဏ္ဍ၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ မွေးမြူရေးတောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ မွေးမြူရေးဆိုင်ရာသိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးမှုများကို ပြည်သူများအလွယ်တကူကြည့်ရှုလေ့လာနိုင်စေရန်အတွက် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ We Love Taunggyi Facebook Page တွင် ပြည့်ပြည့်စုံစုံတင်ဆက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း