ပေါက်ခေါင်းမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့် AVIP သင်တန်းဖွင့်ပွဲ ကျင်းပ

ပေါက်ခေါင်း ဇွန် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊‌ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၀ နာရီ က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်းနှင့်  AVIP  သင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဒုတိယဦးစီးမှူး ဦးခင်‌မောင်ဝင်းက သင်ကြား‌ပေးမည့် ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် စီမံကိန်းကျေးရွာ (၁၂) ရွာမှ တစ်ရွာလျှင် (၂ ) ယောက်နှုန်းဖြင့် သင်တန်းသား / သင်တန်းသူ (၂၄ ) ဦးတက်ရောက်ခဲ့‌ပြီး သင်တန်းကာလမှာ ဇွန်လ  ၂၄  ရက်မှ ၂၈ ရက်နေ့အထိ  ၅ ရက်ကြာ သင်တန်းနည်းပြများက သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့် တင်ခြင်း၊ ရေရရှိလုပ်ငန်းများနှင့် ကျေးရွာပိုင်အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)