အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများ၌ ဖြန့်ဝေ

သုံးခွ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ၊ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများ အနေဖြင့် မူးယစ်ဆေးဝါး၏အန္တရာယ်၊ ဆိုးကျိုးများကို သိရှိနိုင်‌စေရန်နှင့် ကြိုတင်ကာကွယ်ရှောင်ရှားနိုင်‌စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ၊ အမျိုးသားမူးယစ်‌ဆေးဝါးထိန်းချုပ်ရေး မူဝါဒများ၊ မဟာဗျုဟာ(၂)ရပ်နှင့် နည်းဗျုဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် ကဗျာနှင့်မူးယစ်ဆေးသုံးစွဲခြင်း၏စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေး ကာတွန်းစသည့် ဗဟုသုတအကြောင်းအရာတို့ကို ထုတ်နုတ်ဖော်ပြထားကြောင်း သိရသည်။

စည်သူလင်း