အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်း/စာစီစာကုန်း/ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန်၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ၂၀၂၂ခုနှစ် ဇွန်လ ၂၆ရက် နေ့တွင်ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်" ကျပန်း/စာစီစာကုံး/ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ တီထွင်ဖန်တီးမှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် အပြောစွမ်းရည်များ တိုးတက်လာစေ ရန်နှင့်စိတ်ပျော်ရွှင် တက်ကြွလန်းဆန်းစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ခေါင်းလောင်းသံမူကြိုမှ (၂၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသောကလေးငယ်များနှင့်ပြိုင်ပွဲဝင် ကလေးငယ် များအား ဦးစီးအရာရှိနှင့် မြို့နယ်စာပေချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့မှ တာဝန်ရှိသူများက ဆုများ၊ ဆုလက်ဆောင်များအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ် ပြည်သူစာကြည့်တိုက်မှ ပြသထားသည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များကို  မိဘပြည်သူ များက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)