ခရမ်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုအသိပညာပေး (Talk Show)ကို ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ မူးယစ်ဆေးဝါး အန္တရာယ်မှကင်းဝေး၍ လူ့ဘဝကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် မိသားစုအတွင်း ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအခက်အခဲများ ဖြစ်ပေါ်စေသည့် ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဦးတင်ရွှေ ( Book Club )အဖွဲ့ဝင်က ဦးနှောက်သည် လူ၏ခန္ဓာကိုယ်အတွက် အရေးကြီးပုံနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဦးနှောက်နှင့် အာရုံကြောများ ပျက်စီးစေသည့် အကြောင်းအရင်းများ၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ လမ်းမှားမရောက်အောင် မိဘပြည်သူများနှင့် ဆရာ၊ ဆရာမများက သွန်သင်ဆုံးမရန် လိုအပ်ကြောင်း၊ လူငယ်အများ ကော်နှင့် ရှူဆေးအမျိုးမျိုး၊ ကော်ရှူခြင်းဖြင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ပျက်စီးလွယ်စေခြင်း၊ မှတ်ဉာဏ်၊ အာရုံကြောများ ပျက်စီးစေသည့် အကြောင်းအရင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )