ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ အသိအမြင် ဗဟုသုတများကို လက်တွေ့ဘဝတွင် အသုံးချတတ်လာစေရန် ရည်ရွယ်၍ စာရေးဆရာ ဦးသိန်းဆွေ ကျန်းမာရေးမှူး(ငြိမ်း)၏ “ပြည်သူ့အတွက် ကျန်းမာရေးဗဟုသုတ” စာအုပ်ဖြင့် ယမန်နေ့က လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။