ပင်းတယမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ ်ထိန်းချုပ်နိုင်ရေး လိုက်နာရမည့်အချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ပင်းတယမြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွတို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ ကြောင်းသိရသည်။

သာယာဝတီမြို့နယ်၊ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တွင် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ​ ပြသ‌ဆောင်ရွက်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ လူစည်ကားရာ ကားဂိတ်တွင် ပြသထားသော မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်ထားခဲ့သည်။

(၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်ကိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

၂၀၂၁ ခုနှစ်၊ ၄၇ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ရွှေမောင်းတန်းဗိုလ်လုပွဲ၊ ငွေမောင်းတန်း ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ ဝင်္ကဘာကွင်း၌ ကျင်းပသည်။

နောင်တရားဒေသ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာများသို့ ပြောင်းခြွေစက်နှင့် လက်လှည့်ချွေစက်ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား ဒေသအတွင်းရှိ ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ မယ်ဖားလုံ ဖောင်ဒေးရှင်းနှင့် စီပီကုမ္ပဏီတို့မှ ထောက်ပံ့ပေးအပ်သည့် ပြောင်းခြွေစက်နှင့် လက်လှည့် ချွေစက်များကို ယနေ့နံနက်ပိုင်းတွင် လွယ်မောကျေးရွာအုပ်စု၊ ကွန်ချဉ်ကျေးရွာ၌ ပေးအပ်သည်။

ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့မစျေး မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က ဒိုက်ဦးမြို့မစျေးကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြော

ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်သူများငါးရိက္ခာဖူလုံစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတထိန်းသိမ်းရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က မြေပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန SHWE ANNAWAR Fishery Meeting Hall ၌ ကျင်းပသည်။

မော်လမြိုင်၌ ငါးသယံဇာတတိုးပွားစေရေး အထ္ထရံမြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ(၁၀၀၀၀၀) စိုက်ထည့်ပေး

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနသည် ခရိုင်အတွင်း ငါးသယံဇာတ တိုးပွားရေး၊ ငါးရိက္ခာဖူလုံရေး၊ ပြည်သူများ ငါးစားသုံးမှု မြင့်တတ်လာစေရေး၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ အလုပ်အကိုင် အခွင့်အလမ်းများ မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ငါးမျိုးများစိုက်ထည့်ခြင်းကို နှစ်စဉ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ရွှေမြိုင်သီရီရပ်ကွက်၊ မျှော်လင့်ကူတို့ဆိပ် တံတားမှ အထ္ထရံမြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက်များ စိုက်ထည့်ပေးကြောင်း သိရသည်။

မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ၍ ကလေးသူငယ်များ ပုံပြင်၊ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်မြင့် မားစေရေး၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ကလေးများ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယနေ့နံနက် (၁၁) နာရီ တွင် မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

သာယာဝတီမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်၊စာစောင်ပြသခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောက်တွင်းကျေးရွာ အ.မ.က ကျောင်းသို့ သွားရောက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ရေး ညွှန်ကြားချက်များ ပိုမိုသိရှိလိုက်နာနိုင်ရေး ကယား၊ မြန်မာနှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ ညနေ (၄)နာရီအချိန်၌ ကယားပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to