လောင်းလုံး ဇွန် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်(ခ)ရပ်ကွက်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြည့်ဆည်းဆောင် ရွက်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ယနေ့မွန်းလွဲ(၁)နာရီအချိန်က လောင်းလုံးမြို့(ခ)ရပ်ကွက်၊ မြို့လယ်ဘုန်းတော် ကြီးကျောင်းဓမ္မံရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြတ်သူနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ကွက်အတွင်းစီမံခန့်ခွဲနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများအားလုံး စာတတ်မြောက်စေရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတတ်မှနိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အပြည့်အဝထိုးနှံရေးကိစ္စရပ်များစသည်တို့ကိုဆွေးနွေးပြီး ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်၊မြို့နယ်စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူးရဲမင်းထွန်း၊ ဌာနဆိုင်ရာဝန် ထမ်းများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
သိန်းသိန်း(လောင်းလုံး)