ကွမ်းလုံမြို့၌ ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကွမ်းလုံ ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က ကွမ်းလုံမြို့နယ် အားကစားဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ကို ရွက်ဆိုခဲ့ကြပြီး ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း မိုးရာသီဘောလုံးပြိုင်ပွဲတွင် အုပ်စု(က)၌ ကန်မိန်း၊ ဟိုလီနင်ဂျာ၊ ဖောင်ဆိပ်နှင့်တံတားဦး(၁) အသင်းတို့ပါဝင်ပြီး အုပ်စု(ခ)တွင် မီးသတ်လူငယ်၊ Future Generation၊ ဝန်ထမ်းရပ်ကွက်နှင့်တံတားဦး(၂) အသင်းတို့ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲကာလမှ ဇွန်လ ၂၅ ရက် နေ့မှ ဇူလိုင်လ(၄)ရက်နေ့အထိဖြစ်ပြီး ဗိုလ်လုပွဲကို ဇူလိုင်လ(၄)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)